၁.
တစ်ခါက လူသားစားသော လူမျိုးနွယ် အကြီးအကဲ တစ်ဦး လေယာဉ်ပျံစီးလေသည်။
လေယာဉ်မယ်........"ဘာများသုံးဆောင်မလဲရှင်။"
အကြီးအကဲ..........."ခရီးသည်တွေ
၂.
တစ်ခါက ချစ်သူနှစ်ဦး စကားများကြသည်။
မိန်းကလေး " ရှင်ဟာ ဘာမှ အသုံးမကျတဲ့ အမှိုက်ပဲ"
ယောင်္ကျားလေး " အမှိုက်မှန်းသိရက်နဲ့ ဘာလို့ ချစ်ခဲ့လဲ"
မိန်းကလေးမှာ ပိုဒေါသထွက်ပြီး " ရှင်ဘာသိလို့လဲ ဒါကျွန်မ recycle
လုပ်နေတာရှင့်"
၃.
"ကျွန်တော်ဟာ ခင်ဗျားရဲ့ ပထမဦးဆုံး ချစ်သူလား"
" ဒါပေါ့ရှင်.... ဘာဖြစ်လို့ ယောင်္ကျားလေးတိုင်းက ဒီမေးခွန်းကို မေးကြသလဲ
မသိဘူး"
၎.
ကကြီး "ABCD ... ၂၆ လုံးထဲမှာ ET မရှိရင် ဘယ်နှစ်လုံးကျန်မလဲ"
ခခွေး " ၂၄ လုံးကျန်မယ်"
ကကြီး " မှားတယ်... ၂၁ လုံးပဲ ကျန်မယ်"
ခခွေး " ဘာဖြစ်လို့လဲ"
ကကြီး " ET က UFO ကိုစီးသွားရမှာ မို့လို့ပါ။"
၅.
အသက်(၆၀)ရှိ လင်မယားနှစ်ဦး မွေးနေ့ပွဲ ကျင်းပကြသည်။ နတ်သား
တစ်ပါးရောက်လာပြီး လိုရာဆုတောင်း
စေသည်။
အဘွားအို " တပည့်တော်မ ကမ္ဘာပတ်ချင်ပါတယ်"
နတ်သား " တောင်းတဲ့ဆုနဲ့ ပြည့်စေ"
အဘွားအိုမှာ တောင်းသောဆုပြည့်သွားသည်။
အဘိုးအို " တပည့်တော်ထက် အသက်(၃၀)ငယ်တဲ့ မိန်းကလေးကို အခုအချိန်မှာ
ပွေ့ဖက်ချင်ပါတယ်"
နတ်သား "တောင်းတဲ့ဆုနဲ့ပြည့်စေ"
အဘိုးအိုမှာ ချက်ချင်း အသက်(၉၀)ဖြစ်သွားသည်။
ဆုတောင်းမည်ဆိုလျှင် စကားကို ရှင်းလင်းအောင်ပြောသင့်သည်။
၆.
မိုက်ခရိုဆော့ခ်၏ ဖခင် Bill - Gatesမှာ မတော်တဆ
ကားတိုက်မှုဖြင့်သေဆုံးသွားသည်။ (တကယ်မထင်စေချင်ပါ)
ယမမင်း " ခင်ဗျားကို နတ်ပြည်ပို့ရမလား၊ ငရဲပြည်ပို့ရမလား ဆုံးဖြတ်လို့
မရဘူးဖြစ်နေတယ်။ ကွန်ပြူတာတွေကို
ထီထွင်ပြီး လူတွေကို ခင်ဗျား အများကြီး အကျိုးပြုခဲ့တယ်။ အံ့မခန်းတဲ့
အသုံးဝင် WINDOWS တွေကိုလည်း ထွင်
ခဲ့တယ်။ နတ်ပြည်သွားချင်သလား၊ ငရဲပြည် သွားချင်သလား ခင်ဗျားဘာသာ
ဆုံးဖြတ်ပေတော့"
Bill - Gates " နတ်ပြည်နဲ့ ငရဲပြည် ဘာများကွာခြားပါသလဲ"
ယမမင်း "ခင်ဗျားဆုံးဖြတ်လို့ ရအောင် အဲဒီ နေရာနှစ်နေရာကို ကျုပ်အရင်လိုက်ပြမယ်"
သို့နှင့် ငရဲပြည်သို့ သူတို့ရောက်လာကြသည်။ ငရဲပြည်မှာ သန့်ရှင်းသော
ပင်လယ်ကမ်းစပ်၊ ဖြူဖွေးသော သဲပြင်နှင့်
မိန်းမလှလေးများဖြင့် လှပနေသည်။ Bill - Gates မှာ အလွန်ပျော်ရွှင်သွားသည်။
သို့နှင့် နတ်ပြည်သို့ သူတို့ ရောက်လာကြပြန်သည်။ နတ်ပြည်မှာ လှပသော
တိမ်တိုက်နှင့် နတ်သမီးများ ပျော်ပါး
နေကြသည်။ သို့သော် ငရဲပြည်လောက် စွဲဆောင်မှုမရှိပေ။
Bill - Gates "ကျွန်တော် ငရဲပြည်ပဲ သွားမယ်"
ယမမင်း "ကောင်းပြီ"
သို့နှင့် နှစ်ပတ်ကြာသော် ယမမင်းမှာ ဒီသန်းကြွယ်သူငှေး ငရဲပြည်မှာ
ဘာများလုပ်နေသလဲ ဟု သိချင်သောကြောင်း
ငရဲပြည်သို့ သွားရောက်ခဲ့သည်။ Bill - Gatesမှာ လက်ကျင်း၊
ခြေကျင်းများခတ်ပြီး အနှိပ်စက်ခံနေရသည်။
Bill - Gates "ဒီနေရာဟာ အရမ်းကြောက်ဖို့ ကောင်းတယ်။ ကျွန်တော်တွေ့ခဲ့တဲ့
မိန်းမလှလေးတွေရော၊ သဲဖြူဖြူနဲ့
ပင်လယ် ကမ်းစပ်တွေရော ဘယ်ရောက်ကုန်ပြီလဲ"
ယမမင်း " အော် အဲတာတွေလား....အဲတာတွေက Screen Saver တွေလေ"
--
အပ်ဖျားတစ်ထောက်စာ ဆိုပေမယ့်ဆပ်ပြာပူဖောင်းအတွက်ေ
ကြည့်ကြပါ...အားပေးကြပါ....
တွေးတွေးပြီး(ရီ)ရယ်
Posted by
poppy lay
Monday, 27 June 2011
Subscribe to:
Post Comments (Atom)
Blog Subscription
Search this blog
Popular Posts
-
တရုတ်ပြည်က ထုတ်လုပ်တဲ့ အမျိုးသမီးသုံး ဆံပင်ခေါင်းစည်းကြိုး hair bands များ အကြောင်း။ ဈေးကွက်တွေမှာ ဈေးပေါပေါနဲ့  ရောင်းချနေတဲ့ တရုတ်နို...
-
Ketchup and rubber buns DAD: "Ok, so after every question i ask you you must say ketchup and rubber buns". KID: Gotcha...
-
ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမ...
-
ဒီလောက်လှပတဲ့ ရှုခင်းလေးမှာ ဒီလို လှပတဲ့ ကောင်မလေး နားမှာ သင်ရှိနေမယ်ဆိုပါတော့ ...။ သင်ဟာ...တဖြေးဖြေးနဲ့ သူနားကို ကပ်သွားမိမှာပါပဲ..။ နောက...
-
အော်...မိန်းမ မိန်းမ မိန်းမ... လူတစ်ယောက်ရဲ့မိန်းမ က အဲဒီ့ အံဆွဲလေးကို အမြဲ သော့ခတ်ပြီး သော့ကိုသိမ်းထားတယ်။ သူတောင်းကြည့်လည်း ပေးမကြည့်ဘ...
-
၁) ခေတ်သစ် ဂျင်မီနီ ယောက်ျာကြီးတယောက် ပုလင်းတလုံးကို အမှတ်မထင်တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည်ရာ အထဲမှ ဂျင်မီနီ ထွက်လာသည်။ "ေ...
-
I AM GIVING YOU 600 MILLION ANGELS TO TAKE CARE OF YOU, SEND THEM TO 10 FRIENDS, INCLUDING ME AND YOU WILL HAVE GOOD NEWS IN 10 MINUTES. ...
-
မြန်မာဆေးလောကကို မဟုတ်မမှန်ပုတ်ခတ်ရေးသားထားသော လျှပ်တစ်ပြက် ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်၍ သတင်းအမှန်ကို ဆရာဝန်ကြီးမှ ပြောကြား ၊
Powered by Blogger.
ကိုယ်ရေးရာဇ၀င်လေးပါ..
Dog
HAVE A NICE DAY!!
Analog Clock and Calendar




0 comments:
Post a Comment